လက်တလော အခမဲ့ ဖြတ်သန်းခွင့်ပေးနေတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား အသုံးပြုခကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က စတင်ကာ ကောက်ခံသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးလာပါတယ်။
တံတားအသုံးပြုခ ကောက်ခံနှုန်းများ
၁ - အိမ်စီးကား (၃) တန်အောက် (၅၀၀/- ကျပ်)
(ဥပမာ - Land Cruiser, Wish, Alphard, Double Cab, Super Custom)
၂ - ခရီးသည်တင်ယာဉ် (ငယ်) ၆ တန် (၁,၀၀၀/- ကျပ်)
(ဥပမာ - ကင်တာ၊ လိုက်ထရပ်၊ ဒိုင်နာ)
၃ - ခရီးသည်တင်ယာဉ် (လတ်/ကြီး) ၂၁ တန် (၂,၀၀၀/-ကျပ်)
(ဥပမာ - Minibus, BM, ဟီးနိုး၊ ဟွန်ဒိုင်း)
၄ - ကုန်တင်ကား (ငယ်) ၂၁ တန် (၄,၀၀၀/- ကျပ်)
(၆ ဘီး၊ ၈ ဘီး ကုန်တင်ယာဉ်)



