back

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

Feb 09 • 12:13 PM

breaking-news

Myanmar

Tanintharyi

cover

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ပြီးခဲ့သည့်နှစ်...

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ပြီးခဲ့သည့်နှစ်က ကမ်း‌ဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။အပင်မှ ကြေကျလာသည့် ကမ်းဇော်စေ့ကိုကောက်ယူကာ နေလှန်းပြီးစက်ဖြင့်ကြိတ်ကာ ကမ်းဇော်ဆီအဖြစ် ထုတ်လုပ်ရောင်းချကြသည်။




news-view-count-icon

43