အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အရှေ့ဂျိန်းတီယာတောင်ကုန်းခရိုင်ရှိ တရားမဝင်ကျောက်မီးသွေးတွင်း (ကြွက်တွင်း) တစ်ခုတွင် ဖေဖော်ဝါရီ ၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၂၇ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မိုင်းတွင်းတည်နေရာမှာ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။ အဆိုပါ "ကြွက်တွင်း" အမျိုးအစား မိုင်းတွင်းများသည် အန္တရာယ်များလွန်းခြင်းနှင့် ပတ်ဝန်းကျင်ပျက်စီးခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ပင်ထားခြင်းဖြစ်သော်လည်း ယခုကဲ့သို့ တရားမဝင် လုပ်ကိုင်မှုများကြောင့် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 09 • 5:34 AM
Myanmar
International
Share
| 42 | 0 | 0 | 0 |


