၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လေပြင်းဘေးစီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ နေအိမ် ၁၅,၀၀၀ နီးပါးကို ကျပ်သန်း ၁,၁၀၀ အသုံးပြုကာ အားဖြည့်မွမ်းမံပြင်ဆင်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ အဆိုပါလုပ်ငန်းများကို တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ နေအိမ်ပေါင်း ၈၆,၀၀၀ ကျော်ကို နိုင်ငံတော်ရန်ပုံငွေ ကျပ်သန်း ၃၄,၅၀၀ ကျော် အသုံးပြု၍ လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
လေပြင်းဘေးစီမံချက်ဖြင့် နေအိမ်ပေါင်း(၁၅၀၀၀)နီးပါးအား အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်
Feb 09 • 5:35 AM
Myanmar
Local
Share
| 48 | 0 | 0 | 0 |


