၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်က ကျင်းပခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဘူရီရမ်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘွန်ဂျိုင်ထိုင်းပါတီကိုယ်စားလှယ် နတ်သီတာ "ပလွိုင်း" လက်ကူဒါကွန် သည် အသက် ၂၅ နှစ်ဖြင့် အနိုင်ရရှိခဲ့ပြီး ထိုင်းလွှတ်တော်၏ အသက်အငယ်ဆုံး လွှတ်တော်အမတ် ဖြစ်လာတော့မည်ဖြစ်သည်။ ယူကေနိုင်ငံမှ ဘွဲ့နှင့် မဟာဘွဲ့များ ရရှိထားသည့် သူမသည် ဘူရီရမ်ပြည်နယ်ရှိ သြဇာကြီး ချစ်ချော့ဘ်မိသားစု၏ မျိုးဆက်တစ်ခုဖြစ်ပြီး ယခင်အမတ်ဟောင်း၏နေရာတွင် အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိမဲရလဒ်များအရ အနူတင် ချန်ဗီရာကူလ် ဦးဆောင်သည့် ဘွန်ဂျိုင်ထိုင်းပါတီသည် အမတ်နေရာ ၁၉၀ ကျော်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးဆောင်နေပြီး၊ ၎င်း၏နောက်တွင် ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နှင့် ဖွေထိုင်းပါတီ (Pheu Thai Party) က ၇၀ ကျော်ဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရှိရပါသည်။
Feb 09 • 5:17 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


