ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အနုတင်၏ ဖွန်မ်ကြိုင်ထိုင်းပါတီက မဲဆန္ဒနယ် ၂၀၀ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားပြီးနောက်၊ ဒုတိယအများဆုံး အနိုင်ရသည့် People Party ခေါင်းဆောင် နတ်တာဖွန် ရုန်ပညာဝတ် က ရွေးကောက်ပွဲရလဒ်ကို လေးစားကြောင်းနှင့် ရှုံးနိမ့်မှုကို လက်ခံကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ နတ်တာဖွန်က ၎င်းတို့ပါတီအနေဖြင့် ဒီမိုကရေစီစနစ်အရ အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သော်လည်း ဖွန်မ်ကြိုင်ထိုင်းပါတီ အစိုးရဖွဲ့နိုင်ရေးအတွက်မူ မဲပေးထောက်ခံသွားမည်မဟုတ်ကြောင်း အတိအလင်း ပြောဆိုခဲ့သည်။ လက်ရှိရလဒ်များအရ အနုတင်၏ပါတီက အမတ်နေရာ ၂၀၀၊ People Party က ၉၇ နေရာနှင့် ဖွေ့ထိုင်းပါတီက တတိယနေရာတွင် အသီးသီးရှိနေကြပြီး၊ မဲအများဆုံးရသည့်ပါတီက လွတ်လပ်စွာ အစိုးရဖွဲ့ခွင့်ရသင့်ကြောင်းလည်း People Party ခေါင်းဆောင်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထိုင်းရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်ခံပြီး အတိုက်အခံအဖြစ် ရပ်တည်မည်ဟု People Party ခေါင်းဆောင် ပြောကြား
Feb 09 • 5:15 AM
Thailand
Local News
Share
| 39 | 0 | 0 | 0 |


