ရန်ကုန်တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) က ကြီးမှူးကျင်းပသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ဤဖိုရမ်သည် လူငယ်လုပ်ငန်းရှင်များအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် မိသားစုစီးပွားရေးလုပ်ငန်းများမှသည် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသော အဖွဲ့အစည်းများအဖြစ် ကူးပြောင်းရာတွင် လူကြီးများ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း YRYEA ဥက္ကဋ္ဌ ကိုသူရိန်အောင်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် မျိုးဆက်ပေါင်းစုံ မိတ်ဖက်ဆက်ဆံရေး၊ မိသားစုစီးပွားရေးလုပ်ငန်းများအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားမိတ်ဖက်များနှင့် ချိတ်ဆက်မှုအပြင် မိတ်ဖက်များအပေါ် ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်များစသည့် ခေါင်းစဉ်များဖြင့် ကျွမ်းကျင်ပညာရှင်များက အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်
Feb 09 • 5:14 AM
Myanmar
Yangon
Share
| 27 | 0 | 0 | 0 |


