မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် MIP နှင့် AWPT ဆိပ်ကမ်းများတွင် တစ်နှစ်ကျော်ကြာ တည်ရှိနေသည့် လေလံကုန်သေတ္တာ (၂၅) လုံးကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အဆိုပါ ကုန်သေတ္တာများအတွင်းရှိ ကုန်ပစ္စည်းများကို လက်ရှိမျက်မြင်အခြေအနေအတိုင်း လေလံတင်ထုခွဲမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူများအနေဖြင့် တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် စုံစမ်းဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။
ဆိပ်ကမ်းများရှိ တစ်နှစ်ကျော်သက်တမ်းရှိ လေလံကုန်သေတ္တာ (၂၅) လုံးကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်
Feb 09 • 5:23 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


