၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ကာလသို့ ရောက်ရှိရန် နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် ပွဲတော်အထိမ်းအမှတ် အလှဆင်မှုများနှင့်အတူ ပွဲတော်အငွေ့အသက်များ စတင်လွှမ်းမိုးနေပြီဖြစ်ပါသည်။ Junction City၊ Myanmar Plaza နှင့် City Mall အစရှိသည့် စင်တာကြီးများတွင် တရုတ်ရိုးရာမီးပုံးနီများ၊ လာမည့်မြင်းနှစ်အထိမ်းအမှတ် ရုပ်ပုံများနှင့် ပန်းအလှများဖြင့် ဝေဝေဆာဆာ ခင်းကျင်းပြင်ဆင်ထားကြပြီး၊ နှစ်သစ်ကူးအထူးဈေးရောင်းပွဲတော်များလည်း စတင်ကျင်းပလျက်ရှိသည်။ စင်တာများအတွင်း တရုတ်ရိုးရာဝတ်စုံများ၊ အလှဆင်ပစ္စည်းများနှင့် မုန့်ပဲသရေစာများကို အထူးအစီအစဉ်များဖြင့် ရောင်းချပေးနေသည့်အပြင်၊ အမှတ်တရဓာတ်ပုံရိုက်သူများနှင့် ဈေးဝယ်ထွက်သူများကြောင့် ပွဲတော်အကြိုကာလမှာပင် စည်ကားသက်ဝင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
Feb 09 • 5:10 AM
Myanmar
Yangon
Share
| 30 | 0 | 0 | 0 |


