back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

Feb 09 • 5:09 AM

breaking-news

Myanmar

Mandalay

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၇ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၉ အနီးတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ကုန်တင်ကားတစ်စ...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၇ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၉ အနီးတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ကုန်တင်ကားတစ်စီးသည် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးကာရံထားသော Guardrail တန်းများကို ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမတော်တဆမှုကြောင့် Guardrail (၁၀) ခန်းခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း ကားမောင်းသူနှင့် ယာဉ်နောက်လိုက်တို့မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

news-view-count-icon

36