တရုတ်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ ယခုပြိုင်ပွဲတွင် 5×5 အလွတ်တန်းနှင့် 3×3 (U-16/U-20) ပြိုင်ပွဲအမျိုးအစားများကို အုပ်စု (၄) စုခွဲကာ အသင်းပေါင်း (၁၂) သင်းဖြင့် ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ ပထမဆုရရှိသည့်အသင်းအား ဆုငွေကျပ်သိန်း (၅၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Feb 09 • 5:11 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |


