back

ဖူးခက်ကမ်းလွန်တွင် နစ်မြုပ်နေသော ပနားမားကုန်တင်သင်္ဘောကို ဆယ်ယူရန်နှင့် ရေနံယိုစိမ့်မှုတားဆီးရန် ထိုင်းရေတပ် ကြိုးပမ်းနေ

Feb 09 • 4:01 AM

breaking-news

Thailand

Local News

cover

ဖူးခက်ကမ်းလွန်တွင် နစ်မြုပ်နေသော ပနားမားကုန်တင်သင်္ဘောကို ဆယ်ယူရန်နှင့် ရေနံယိုစိမ့်မှုတားဆီးရန် ထိုင်းရေတပ် ကြိုးပမ်းနေ

မလေးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ခုတ်မောင်းလာစဉ် ဖူးခက်ကမ်းလွန်၌ တစ်ဖက်စောင်းနစ်မြုပ်သွားသည့် ပနားမားအလံတင် SEALLOYD ARC ကုန်တင်သင်္ဘောကို ဆယ်ယူနိုင်ရန် ထိုင်းရေတပ...

မလေးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ခုတ်မောင်းလာစဉ် ဖူးခက်ကမ်းလွန်၌ တစ်ဖက်စောင်းနစ်မြုပ်သွားသည့် ပနားမားအလံတင် SEALLOYD ARC ကုန်တင်သင်္ဘောကို ဆယ်ယူနိုင်ရန် ထိုင်းရေတပ်နှင့် သက်ဆိုင်ရာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်္ဘောပေါ်တွင် ကုန်တန်ချိန် ၄,၃၃၉ တန်နှင့် ကွန်တိန်နာအလုံး ၂၀၀ ကျော် ပါရှိပြီး လက်ရှိတွင် ပင်လယ်ရေပြင်အတွင်း ကွန်တိန်နာများ ပြန့်ကျဲနေခြင်းနှင့် ရေနံယိုစိမ့်မှုများရှိနေခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်နေရသဖြင့် အာဏာပိုင်များက ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများကို အရင်စတင်နေပြီဖြစ်သည်။ သင်္ဘောပေါ်တွင် သောင်တင်နေသည့် သင်္ဘောသား ၁၆ ဦးကိုမူ ထိုင်းရေတပ်က ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကာ အဆိုပါရေပြင်သို့ ဖြတ်သန်းသွားလာမည့် ရေယာဉ်များကိုလည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

26