back

အာဆင်နယ် ချန်ပီယံဖြစ်မည်ဟု လောင်းထားသူများကို Paddy Power ကုမ္ပဏီ ကြိုတင်အလျော်ပေး

Feb 09 • 4:02 AM

breaking-news

Myanmar

International

cover

အာဆင်နယ် ချန်ပီယံဖြစ်မည်ဟု လောင်းထားသူများကို Paddy Power ကုမ္ပဏီ ကြိုတင်အလျော်ပေး

နာမည်ကျော် လောင်းကစားကုမ္ပဏီ Paddy Power သည် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းဘက်မှ လောင်ကြေးထပ်ထားသူများကို ရာသီမကုန်မီ ကြိုတင်အလျော်ပေ...

နာမည်ကျော် လောင်းကစားကုမ္ပဏီ Paddy Power သည် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းဘက်မှ လောင်ကြေးထပ်ထားသူများကို ရာသီမကုန်မီ ကြိုတင်အလျော်ပေးရန် ဆုံးဖြတ်လိုက်သည်။ အာဆင်နယ်သည် ဆန်းဒါးလန်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လက်ကျန် ၁၃ ပွဲအလိုတွင် မန်စီးတီးကို ကိုးမှတ်ဖြတ်ကာ ဇယားထိပ်မှ ဦးဆောင်နေခြင်းကြောင့် Paddy Power က အာဆင်နယ်မှာ အမှားအယွင်းမရှိ ချန်ပီယံဖြစ်တော့မည်ဟု သုံးသပ်ကာ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ရာသီမစမီက အာဆင်နယ်သည် လီဗာပူးလ်နှင့် မန်စီးတီးတို့နောက်တွင် တတိယမြောက် ရေပန်းအစားဆုံးအသင်းအဖြစ်သာ ရှိခဲ့သော်လည်း ယခုအခါ ၂၂ နှစ်ကြာ ဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန် အခြေအနေကောင်းနေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

31