back

တာချီလိတ်မြို့နယ်မှ ထူးချွန်ဆုရရှိသူ (၁၆) ဦးအား တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု

Feb 09 • 3:59 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့နယ်မှ ထူးချွန်ဆုရရှိသူ (၁၆) ဦးအား တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု

တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သော သာသနာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထူးချ...

တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သော သာသနာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆုများကို တာချီလိတ်မြို့နယ်ကိုယ်စားပြု လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း (၁၆) ဦး ဆွတ်ခူးရရှိခဲ့ပြီး၊ ၎င်းတို့အား ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် တာချီလိတ်လေဆိပ်၌ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဒေသခံပြည်သူများက ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ အဆိုပါ ထူးချွန်ဆုရရှိသူများသည် ၂၀၂၅ ခုနှစ်အတွင်း မန္တလေးငလျင်နှင့် ရေကြီးရေလျှံမှု ဘေးဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ခြင်း၊ ဘာသာသာသနာ ထွန်းကားပြန့်ပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် လှူဒါန်းဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25