ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ စုပေါင်းဆင်နွှဲသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက် ညနေပိုင်းက စုပေါင်းရုံးရှေ့ရှိ မြက်ခင်းပြင်၌ ခမ်းနားစည်ကားစွာ ကျင်းပခဲ့ပါသည်။အဆိုပါပွဲတော်ကို ဝန်ထမ်းများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အားကောင်းလာစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ပြောကြားခဲ့ပါသည်။ပြိုင်ပွဲတွင် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ ပါဝင်သည့် ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၁၂) သင်း က သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ 
Feb 09 • 3:58 AM
Myanmar
Kachin
Share
| 35 | 0 | 0 | 0 |


