back

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စက်ဆန်းမီးနင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

Feb 09 • 3:57 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စက်ဆန်းမီးနင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ စက်ဆန်းရပ်ကွက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဟိန္ဒူဘာသာရေးရိုးရာ မီးနင်းပွဲတော် (Fire Walking Festi...

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ စက်ဆန်းရပ်ကွက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဟိန္ဒူဘာသာရေးရိုးရာ မီးနင်းပွဲတော် (Fire Walking Festival) ကို ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါပွဲတော်သည် စက်ဆန်းရပ်ကွက်ရှိ သီရိမာရီယမ္မန်မယ်တော်မြတ် ဘုရားကျောင်း၏ နှစ်ပတ်လည်ပွဲတော်ဖြစ်ပြီး ဘာသာဝင်အမြောက်အမြား တက်ရောက်ဆင်နွှဲခဲ့ကြသည်။ ပွဲတော်၏ ထူးခြားချက်အဖြစ် ဘာသာဝင်များသည် သစ္စာဓိဋ္ဌာန်ပြုကာ ရဲရဲတောက်နေသော မီးကျီးခဲများပေါ်တွင် ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လှမ်းပူဇော်ကြသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။

news-view-count-icon

51