ရန်ကုန်နဲ့ဒလမြို့ကို ကူးသန်းတဲ့ ရန်ကုန်မြစ်ကူးတံတားဖွင့်လှစ်ခဲ့ပြီးနောက်မှာဒလ-ရန်ကုန် ပြေးဆွဲနေတဲ့ သမ္ဗာန်သမားတွေရဲ့အလုပ်အပေါ် ခြိမ်းခြောက်မှုရှိလာပြီးအခက်ကြုံတွေ့လာရပြီလို့
သမ္ဗာန်သမားတွေကပြောပါတယ်။အရင်ကဒလမြို့တဖက်ကမ်း နဲ့ ရန်ကုန်ဘက်ခြမ်းကို ခရီးသည်တွေ သွားလာဖို့ သမ္ဗာန်တွေကိုသာ အားကိုးနေရသော်လည်း ယခုအခါတံတားသစ်ပေါ်ကနေ ဖြတ်သန်းလာနိုင်တဲ့အတွက် ခရီးသည်ရှားပါးမှုနဲ့ ကြုံလာရကြောင်း သမ္ဗာန်သမားအချို့ကပြောပါတယ်။“တံတားဖွင့်ပြီးထဲက အရင်လောက် ခရီးသည်က မရတော့ဘူး။ခေါက်ရေ အရမ်းမဆွဲရတော့ဘူး။ သိသိသာသာ ကျဆင်းတာမျိုးတော့ မဟုတ်သေးပေမယ့် နည်းနည်းတော့ နည်းလာတယ်။ နောက်ပိုင်းမှာ လိုင်းကားတွေလည်း ဆွဲလာမှာဆိုတော့ ခရီးသည်ရဖို့ ပိုခက်လာနိုင်ပါတယ်။အခြားအလုပ်ပြောင်းဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ဒလဘက်မှာတော့သုံးဘီးဆိုင်ကယ်မောင်းတာ၊ ဆိုက်ကားနင်းတာမျိုးပဲ လုပ်စရာရှိတာပါ” လို့ သမ္ဗာန်သမားတစ်ဦးက ပြောပါတယ်။လက်ရှိမှာ ဒလတဖက်ကမ်းမှ ရန်ကုန်မြို့သို့ သမ္ဗာန်ခမှာ ခရီးသည်တစ်ဦးကိုအသွား ၄၀၀ ကျပ်၊အပြန် ၄၀၀ ကျပ်ပေးရပါတယ်။ ဒလ-ရန်ကုန် ပြေးဆွဲနေတဲ့ သမ္ဗာန်သမားဦးရေ ရာနဲ့ချီ ရှိတယ်လို့သမ္ဗာန်သမားတွေကပြောပါတယ်။



