ရွှေဈေးအဆမတန်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်း ရွှေဈေးမှာလည်း ငွေကျပ်သိန်းတရာကျော်ဝန်းကျင်အထိ မြင့်တက်လာပြီးနောက် လုပ်ငန်းရှင်အများစုက အခေါက်ရွှေ အတုံးများ ရောင်းဝယ်မှုကို ခေတ္တရပ်နားထားကြသည်။အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ အခေါက်ရွှေ အတုံးအခဲများ ရောင်းဝယ်ခြင်း မပြုလုပ်သည့် လုပ်ငန်းရှင်တွေကို အဓိက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။“ကျတော်တို့က အတုံးအခဲတွေ ရောင်းဝယ်တာ ခဏရပ်ထားတယ်၊ အဲဒီကိစ္စ ခေါ်ပြောတာလဲ ပါတယ်၊ နောက်အကြောင်းအရင်းကိစ္စတွေလည်း ပါတယ်ပေါ့နော်၊ ကောင်းကောင်းမွန်မွန်ပါပဲ ညှိနှိုင်းပြောဆိုကြတာ” ဟု ၎င်းက ပြောသည်။
| 17 | 0 | 0 | 0 |


