back

မြန်မာမတ်ပဲစျေးက တစ်တင်းကို ၉သောင်း အောက်ကျနိုင်မယ့် အခြေအနေ မရှိကာ ဆက်တက်နိုင်ခြေသာရှိနေ

Feb 09 • 2:56 AM

breaking-news

Myanmar

Local

cover

မြန်မာမတ်ပဲစျေးက တစ်တင်းကို ၉သောင်း အောက်ကျနိုင်မယ့် အခြေအနေ မရှိကာ ဆက်တက်နိုင်ခြေသာရှိနေ

ယခုတစ်ပတ်အတွင်းမှာလည်း စျေးအတက်အကျ အပြောင်းအလဲ တွေရှိခဲ့ပေမယ့် အတက်စျေး သိန်း ၃၀ ကျော်နဲ့ စျေးပိတ်ခဲ့ပါတယ်။ အရင်တစ်ပတ်က ဖြစ်ပေါ်ခဲ့တဲ့စျေးကွက်နဲ့ ယှဥ်ရင် တစ်တန်...

ယခုတစ်ပတ်အတွင်းမှာလည်း စျေးအတက်အကျ အပြောင်းအလဲ တွေရှိခဲ့ပေမယ့် အတက်စျေး သိန်း ၃၀ ကျော်နဲ့ စျေးပိတ်ခဲ့ပါတယ်။ အရင်တစ်ပတ်က ဖြစ်ပေါ်ခဲ့တဲ့စျေးကွက်နဲ့ ယှဥ်ရင် တစ်တန်ကို ၃၀,၀၀၀ ကျော် ထပ်တက်လာပါတယ်။ အိန္ဒိယမှာ မိုးကြောင့် စိုက်ခင်းတွေ ပျက်စီးပြီး စားနပ်ရိက္ခာအတွက် ပဲလိုအပ်ချက်ရှိနေတဲ့အတွက် ဝယ်လိုအားရှိပြီးစျေးနှုန်း မြင့်နေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းစျေးတက်လာသလို FOB စျေးကလည်း ဆက်တိုက်မြင့်လာပြီး ယခုတစ်ပတ်မှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၉၅ မှ ၈၀၅ အထိရှိကာ အရင်တစ်ပတ်နဲ့ယှဥ်ရင် ၃၅ ဒေါ်လာ ထပ်တက်လာပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အခုတပတ်တနင်္လာ နေ့ ကနေ သောကြာနေ့အတွင်းမှာ မတ်ပဲ FAQ တစ်တန်ကို ၃,၀၀၅,၀၀၀ မှ ၃,၀၈၃,၀၀၀ ကျပ် စျေးရှိပါတယ်။အရင်အပတ်က မတ်ပဲ တစ်တန်ကို ၂,၈၇၅,၀၀၀ ကျပ်မှ ၃,၀၄၉,၀၀၀ ကျပ် အထိသာရှိခဲ့ပါတယ်။

news-view-count-icon

41