back

ထိုင်းရွေးကောက်ပွဲ၌ ထောက်ခံသူ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓာတ်မကျရန် ပြည်သူ့ပါတီခေါင်းဆောင် တိုက်တွန်း

Feb 09 • 2:55 AM

breaking-news

Thailand

Local News

cover

ထိုင်းရွေးကောက်ပွဲ၌ ထောက်ခံသူ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓာတ်မကျရန် ပြည်သူ့ပါတီခေါင်းဆောင် တိုက်တွန်း

ထိုင်းရွေးကောက်ပွဲ၌ ပြည်သူ့ပါတီအား ထောက်ခံအားပေးသူ အားလုံးအား ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓာတ်မကျရန် ယနေ့ည ပြည်သူ့ပါတီ - People’s Party ၏ သတင်းစာရှင်းလင်းပွဲ အပြ...

ထိုင်းရွေးကောက်ပွဲ၌ ပြည်သူ့ပါတီအား ထောက်ခံအားပေးသူ အားလုံးအား ကျေးဇူးတင်ကြောင်းနှင့် စိတ်ဓာတ်မကျရန် ယနေ့ည ပြည်သူ့ပါတီ - People’s Party ၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပါတီရုံးရှေ့တွင် လာရောက် အားပေးကြသည့် လူထုနှင့် တွေ့ဆုံမှုတွင် ပါတီခေါင်းဆောင် နက်သာဖောင်ရွန်ပညာဝတ်က တိုက်တွန်းခဲ့သည်။လာရောက် အားပေးကြသူများကို ကျေးဇူးတင်ရှိကြောင်း နက်သာဖောင်က ပြောကြားခဲ့ပြီး ယခုကဲ့သို့ လူထုစုဝေးမှုမှာ မည်သူတစ်ဦးတစ်ယောက်၏ ညွှန်ကြားချက် သို့မဟုတ် ချိန်းဆိုချက်မျှမပါဘဲ တူညီသော ယုံကြည်ချက်တစ်ခု ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ရွေးကောက်ပွဲတိုင်းသည် နိုင်ငံအတွက် မျှော်လင့်ချက်နှင့် ထွက်ပေါက်ဖြစ်ကြောင်းနှင့် ယနေ့ လာရောက်စုဝေး ကြသူများသည်လည်း ပြည်သူ့ပါတီသည် ပြည်သူတို့၏ မျှော်လင့်ချက် ဖြစ်သည်ဟု အတူတကွ ယုံကြည်နေကြ သူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။လွန်ခဲ့သည့် ၈ နှစ်တာကာလပတ်လုံး ပါတီနှင့် ထောက်ခံသူများသည် အတူတကွ ကြိုးစားခဲ့ကြပြီး ကဏ္ဍအသီးသီးတွင် အပြောင်းအလဲများ ဖော်ဆောင်နိုင်ခဲ့သည့် အပြင် နိုင်ငံရေး လုပ်ငန်းစဉ်များတွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ယခု ရွေးကောက်ပွဲရလဒ်အရ မိမိတို့ပါတီ အနေဖြင့် အစိုးရဖွဲ့ရန် ဦးဆောင်နိုင်သည့် အနေအထားတွင် မရှိသေးသော်လည်း လက်လျှော့မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။၎င်းနှင့် ပြိုင်ဘက်နိုင်ငံရေးသမာ ဆူချတ်ချွမ်ကလင်းက လိမ္မော်သီးစားပြကာ ပြည်သူ့ပါတီ၏ အရောင်ကို ရည်ညွှန်း၍ လှောင်ပြောင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ရက်ချာနော့ခ်က ပြုံးရုံသာ ပြုံးပြခဲ့ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

news-view-count-icon

22