back

စင်ကာပူတွင် မြေးချင်းရန်ဖြစ်တာကို အိမ်အထိလိုက်ပြီး လက်သီးနဲ့ထိုးခဲ့တဲ့ အဖွားအို ဒေါ်လာသောင်းချီ ဒဏ်ရိုက်ခံရ

Feb 09 • 2:54 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် မြေးချင်းရန်ဖြစ်တာကို အိမ်အထိလိုက်ပြီး လက်သီးနဲ့ထိုးခဲ့တဲ့ အဖွားအို ဒေါ်လာသောင်းချီ ဒဏ်ရိုက်ခံရ

စင်ကာပူနိုင်ငံက ကွန်ဒိုတစ်ခုမှာ မြေးဖြစ်သူချင်း ဆော့ကစားရင်း ခိုက်ရန်ဖြစ်ပွားရာကနေ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ကို အိမ်အထိ လိုက်လံထိုးကြိတ်ခဲ့တဲ့ အသက် ၆၄ နှစ်အရွယ်...

စင်ကာပူနိုင်ငံက ကွန်ဒိုတစ်ခုမှာ မြေးဖြစ်သူချင်း ဆော့ကစားရင်း ခိုက်ရန်ဖြစ်ပွားရာကနေ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ကို အိမ်အထိ လိုက်လံထိုးကြိတ်ခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် တရုတ်နိုင်ငံသူ အဖွားအိုတစ်ဦးကို တရားရုံးက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၃၀၀ ချမှတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီး နစ်နာသူ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်တွေကို ကာကွယ်ပေးဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ Condo ရဲ့ လိပ်စာအတိအကျနဲ့ ပါဝင်ပတ်သက်သူတွေရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုဖို့ တရားရုံးက တားမြစ်မိန့် (Gag Order) ထုတ်ပြန်ထားပါတယ်။ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံရှိ ကွန်ဒိုတစ်ခုရဲ့ ကစားကွင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါအဖွားအိုဟာ စင်ကာပူကို ရောက်ရှိတာ တစ်လခန့်သာ ရှိသေးပြီး သားဖြစ်သူရဲ့ မိသားစုနဲ့အတူ နေထိုင်နေတာပါ။အခင်းဖြစ်ပွားတဲ့နေ့မှာ သူမရဲ့ အသက် ၉ နှစ်အရွယ် မြေးဖြစ်သူက ကစားကွင်းမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နဲ့ စကားများရာကနေ ဒဏ်ရာရလာတယ်ဆိုပြီး အိမ်ကို ငိုယိုကာ ပြန်လာခဲ့ပါတယ်။ မြေးဖြစ်သူရဲ့ ဘယ်ဘက်ပေါင်မှာ သွေးထွက်သံယို ဖြစ်နေတာကို မြင်လိုက်ရတဲ့အဖွားဖြစ်သူဟာ ဒေါသထွက်ပြီး မြေးကိုပါခေါ်ကာ တစ်ဖက်ကလေးငယ်ရဲ့ အိမ်အထိ လိုက်လံရင်ဆိုင်ခဲ့ပါတယ်။အဖွားဖြစ်သူဟာ ကလေးငယ်ရဲ့ အိမ်ရှေ့ရောက်တဲ့အခါ အိမ်ထဲကို ဝင်ရောက်သွားပြီး ကလေးရဲ့ မိဘတွေနဲ့ တွေ့ဖို့တောင်းဆိုခဲ့ပေမဲ့ အိမ်မှာ ကလေးနဲ့ အိမ်ဖော်ဖြစ်သူပဲ ရှိနေခဲ့ပါတယ်။ အဖွားအိုဟာ ဒေါသတကြီးနဲ့ အိမ်ရှေ့မှာရှိတဲ့ စက်ဘီးကို ကန်ချခဲ့သလို ကလေးငယ်က သူဘာမှမလုပ်ဘူးလို့ ငြင်းဆိုနေတဲ့ကြားကပဲ ကလေးငယ်ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးကြိတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်အားလုံးကို အိမ်ရှေ့မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာကနေ အထင်အရှား မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ကလေးငယ်ရဲ့ မိဘတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီး ဆေးစစ်ချက်အရ ကလေးငယ်ရဲ့ ရင်ဘတ်မှာ ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။တရားရုံးမှာတော့ အဖွားအိုက သူမဟာ ဟန်ချက်ပျက်ပြီး လက်နဲ့ မတော်တဆ ထိမိသွားတာသာ ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမဲ့ တရားသူကြီးကတော့ CCTV မှတ်တမ်းတွေအရ ဒါဟာ တမင်သက်သက် ထိုးကြိတ်တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥပဒေအရာရှိတွေကတော့ ဒါဟာ လူမိုက်ဆန်တဲ့ အပြုအမူဖြစ်ပြီး နောင်တရခြင်းလည်း မရှိတာကြောင့် ထောင်ဒဏ် ၄ လကနေ ၆ လအထိ ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ တရားသူကြီးက ဖြစ်စဉ်အစမှာ ၁၁ နှစ်အရွယ်ကလေးက အဖွားအိုရဲ့မြေးကို အရင်ထိခိုက်အောင် လုပ်ခဲ့တာကို ထည့်သွင်းစဉ်းစားပြီး ထောင်ဒဏ်အစား စုစုပေါင်းဒဏ်ငွေ ၁၀,၃၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။


news-view-count-icon

14