ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက် ရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားပေါင်းစုံချစ်ကြည်ရေးပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီ က ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော်ရုံးဝန်းအတွင်းရှိ မန်းထာရိပ်သာရှေ့ကွင်းပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်း (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၇၈) နှစ်မြောက် ချင်းအမျိုသားနေ့အခမ်းအနား ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပြည်ထောင်စုရိပ်သာတွင် ဧည့်သည် တော်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုနေ့နှင့် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး
Feb 09 • 2:52 AM
Myanmar
Chin
Share
| 26 | 0 | 0 | 0 |


