back

တရုတ်နိုင်ငံ၏ နွေဦးပွဲတော် ခရီးသွားရာသီအတွက် ရထားလက်မှတ်အစောင်ရေ သန်း ၁၄၀ ကျော် ရောင်းချထားပြီးဖြစ်

Feb 09 • 2:51 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ နွေဦးပွဲတော် ခရီးသွားရာသီအတွက် ရထားလက်မှတ်အစောင်ရေ သန်း ၁၄၀ ကျော် ရောင်းချထားပြီးဖြစ်

တရုတ်နိုင်ငံ၏ မီးရထားလက်မှတ်ရောင်းချမှု ပလက်ဖောင်း 12306 မှ လက်ရှိ နွေဦးပွဲတော် ခရီးသွားရာသီအတွက် လက်မှတ်ရောင်းချရမှုမှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီအထိ စုစုပေ...

တရုတ်နိုင်ငံ၏ မီးရထားလက်မှတ်ရောင်းချမှု ပလက်ဖောင်း 12306 မှ လက်ရှိ နွေဦးပွဲတော် ခရီးသွားရာသီအတွက် လက်မှတ်ရောင်းချရမှုမှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီအထိ စုစုပေါင်း လက်မှတ်အစောင်ရေ သန်း ၁၄၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းထံမှ သိရသည်။နိုင်ငံလုံးဆိုင်ရာ မီးရထားကွန်ရက်သည် ဖေဖော်ဝါရီ ၆ ရက်၌ ခရီးသည်တင်ခရီးစဉ် ၁၂.၈၄၅ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ နေ့စဉ် ခရီးသည်တင်ခရီးစဉ် အရေအတွက်မှာ ငါးရက်ဆက်တိုက် ၁၀ သန်းကျော် ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၇ ရက်၌ နိုင်ငံတစ်ဝန်းရှိ မီးရထားကုမ္ပဏီများအနေဖြင့် ခရီးသည်တင်ခရီးစဉ် ၁၃.၈ သန်း ပို့ဆောင်ပေးနိုင်မည်ဟု ခန့်မှန်းထားကာ ခရီးသွားလာမှု လိုအပ်ချက်နှင့် ပြည့်မီစေရန် နောက်ထပ် ခရီးသည်တင်ရထား ၁,၂၄၉ စင်းကို အသင့်စီစဉ်ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

news-view-count-icon

12