မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို
ဖာနန်ဒက်စ်က အသင်းနည်းပြ မိုက်ကယ်ကာရစ်ဟာ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာမှာ သေချာကြောင်း သုံးသပ်ခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းဟာ ကာရစ်ကို ရာသီကုန်အထိ တာဝန်ပေးပြီးနောက် ပရီးမီးယားလိဂ်လေးပွဲဆက် ရာနှုန်းပြည့် အနိုင်ရထားခဲ့ပါတယ်။ဒီနိုင်ပွဲလေးပွဲမှာ အာဆင်နယ်၊ မန်စီးတီး၊ စပါးတို့လို Big Six စာရင်းဝင်အသင်းတွေ ပါဝင်ခဲ့လို့ ကာရစ်ရဲ့စွမ်းဆောင်ရည်က ပိုအသိအမှတ်ပြုစရာ ဖြစ်စေ
ခဲ့တယ်။မန်ယူနိုက်တက်အသင်းဟာ လက်ရှိရာသီမှာ ၄၄ မှတ် ရထားပြီး ပြီးခဲ့တဲ့ရာသီကုန် ၄၂ မှတ်ထက်လည်း နှစ်မှတ် သာလွန်ခဲ့ပါတယ်။ဒါ့အပြင် နှစ်ရာသီဆက်တိုက် ဝေးကွာခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခြေအနေကောင်းလာခဲ့ပါတယ်။


