Cso အဖွဲ့တစ်ခုကနေမှဦးဆောင်ပြီး ငွေကန္ဒရဝတီသင်ကြားရေးစင်တာ(၁)ဖွင့်ပွဲနှင့် မသန်စွမ်းအကူပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မနေ့ ဖေဖော်ဝါရီ ၇ရက်နေ့မှာ ကရင်နီပြည်(ကယား) မြေပြင်တစ်နေရာမှာပြုလုပ်ခဲ့ကြပါတယ်လို့သိရပါတယ်။ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ "ဒီလိုမျိုးအများပြည်သူကို ခေါ်ဖိတ်ပြီး အထောက်အကူပြုတဲ့ပစ္စည်းများကိုပေးတယ်ဆိုတာ ဒီပတ်ဝန်းကျင်မှာမသန်စွမ်းသူတွေရှိတယ် သူတို့အတွက်လည်း ဒီလိုမျိုးအထောက်အကူပြုပစ္စည်းများပေးခြင်းအားဖြင့် သူတို့ဟာရပ်ရွာထဲမှာ လုပ်ငန်းဆောင်တာရှိရင် သူတို့လည်းပါဝင်လို့ရတယ်ဆိုတာကို ပြည်သူလူထုကိုချပြချင်တဲ့အကြောင်းအရာလည်းပါတယ် ဒါအပြင် မသန်စွမ်းသူတွေအတွက် လိုအပ်တဲ့အရာတွေနဲ့ သူတို့လုပ်ဆောင်နိုင်တဲ့အရာတွေကို အားပေးတဲ့အနေနဲ့လည်း ဒီပွဲကိုပြုလုပ်ရခြင်းဖြစ်တယ်"လို့သိရပါတယ်။
ကယားပြည်နယ်တွင် ငွေကန္ဒရဝတီသင်ကြားရေးစင်တာ(၁)ဖွင့်ပွဲနဲ့ မသန်စွမ်းအကူပစ္စည်းများပေးအပ်ခြင်းအခမ်းအနားပြုလုပ်
Feb 09 • 2:45 AM
Myanmar
Kayah
Share
| 22 | 0 | 0 | 0 |


