နာမည်ကျော်လောင်းကစားကုမ္ပဏီ Paddy Power က ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်အသင်းအဖြစ် အာဆင်နယ်ဘက်ကလောင်ကြေးထပ်ထားသူများကို အလျော်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အာဆင်နယ်အသင်းက ဆန်းဒါးလန်းကို ၃-၀ ဂိုးပြတ် အနိုင်ရပြီးနောက် လက်ကျန် ၁၃ ပွဲကစားဖို့ကျန်ချိန် ဒုတိယနေရာက မန်စီးတီးကို တစ်ပွဲပို ကိုးမှတ်ဖြတ်ထားချိန်မှာ Paddy Power က အခုလို ကြေညာခဲ့တာဖြစ်တယ်။Paddy Power က အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်အသင်း အမှားအယွင်းမရှိနိုင်တော့ဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ်မစခင်မှာ ၅း၂ လေးနဲ့ တတိယရေပန်းအစားဆုံးသာ ဖြစ်ခဲ့တာပါ။လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ၁၅း၈ လေး၊ မန်စီးတီးအသင်းက ၂း၁ လေးနဲ့ အာဆင်နယ်အထက်မှာ ရှိခဲ့တာဖြစ်တယ်။အာဆင်နယ်အနေနဲ့ အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရင် ၂၂ နှစ်ကြာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။
Feb 09 • 2:43 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


