back

ရခိုင်ပြည်နယ်တွင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေအပ်နှံခဲ့တဲ့ ကျောင်းသား ၄ ဦးကို တစ်ဦးလျှင် ငွေကျပ် (၇၅) သိန်းစီချီးမြှင့်

Feb 09 • 1:38 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်တွင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေအပ်နှံခဲ့တဲ့ ကျောင်းသား ၄ ဦးကို တစ်ဦးလျှင် ငွေကျပ် (၇၅) သိန်းစီချီးမြှင့်

ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ ရှေးဟောင်းရတနာပစ္စည်းတွေကို တွေ့ရှိတူးဖော်ပြီး သက်ဆိုင်ရာကို အပ်နှံခဲ့တဲ့ ကျောင်းသား ၄ ဦးကို တစ်ဦးလျှင် ကျပ်ငွေ (၇၅) သိန်းစီ ချီးမြ...

ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ ရှေးဟောင်းရတနာပစ္စည်းတွေကို တွေ့ရှိတူးဖော်ပြီး သက်ဆိုင်ရာကို အပ်နှံခဲ့တဲ့ ကျောင်းသား ၄ ဦးကို တစ်ဦးလျှင် ကျပ်ငွေ (၇၅) သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆုချီးမြှင့် ခံရသူ ကျောင်းသားတွေမှာ Grade-7 ကျောင်းသား မောင်ဖြိုးမြတ်ဦး(၁၃) နှစ်၊ Grade-5 ကျောင်းသား မောင်စိုးအောင်(၁၃) နှစ်၊ မောင်သုခအောင်(၁၂)နှစ်နဲ့ မောင်ကျော်စိုးလင်း(၁၃)နှစ် တို့ ဖြစ်ကြပါတယ်။ ဒီကျောင်းသားတွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်မှာ မြောက်ဦးမြို့ ကစားကွင်း တစ်ခုအတွင်း ဘောလုံးကစားနေစဉ် တန်ဖိုးမဖြတ်နိုင်တဲ့ ရခိုင့်ရှေးဟောင်း ရတနာ ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီးနောက် အတူတကွတူးဖော်ကာ အပ်နှံခဲ့ကြသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

အပ်နှံခဲ့တဲ့ ရှေးဟောင်းရတနာပစ္စည်းတွေအထဲမှာ အချင်း ၁ လက်မခန့်ရှိတဲ့ ကျောက်စိမ်းတစ်တုံး၊ ရွှေပုရပိုက်တစ်ခု၊ ရွှေလက်စွပ်သုံးကွင်း၊ ရွှေစတွေနဲ့ ရခိုင့်ရှေးခေတ်သုံး ငွေဒင်္ဂါးပြား ၁၅၀ ကျော်တို့ဖြစ်ကြပါတယ်။ ငွေဒင်္ဂါးပြား ၁၅၀ ကျော်မှာ တတိယမြောက်ဦးခေတ် ရခိုင်သက္ကရာဇ် (၁၀၃၄) ရခိုင်ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ လက်ထက်က သုံးစွဲခဲ့တဲ့ဒင်္ဂါးတွေနဲ့ သက္ကရာဇ် (၁၀၀၀) ဆင်ဖြူသခင်၊ ဆင်နီသခင် ရခိုင်ဘုရင် နရပတိကြီးလက်ထက်က သုံးစွဲခဲ့တဲ့ ငွေသားအစစ် ဒင်္ဂါးတွေဖြစ်တယ်လို့ ရခိုင်သမိုင်း သုတေသီတွေက ပြောကြားပါတယ်။

news-view-count-icon

31