မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဦးညိုစော အပါအဝင် လူဦးရေ ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် Ma Jia က တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီးကို တည်ငြိမ်မှုနှင့် သေချာမှုကို ဖြည့်တင်းပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ တည်ငြိမ်စွာတိုးတက်ကောင်းမွန်လာပြီး နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း နားလည်ချစ်ခင်မှုရှိလာကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။



