ပဲစင်းငုံနီက ယခုနှစ်မှာ အထွက်နှုန်း နည်းတဲ့အတွက် စျေးကွက်က သိန်း ၃၀ အောက်ကို ပြန်ကျနိုင်မယ့် အခြေအနေတော့ မရှိနိုင်ဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ပဲစင်းငုံနီက ယခုတစ်ပတ်မှာ တစ်တန်ကို ၆၀,၀၀၀ လောက် ကျသွားပါတယ်။ ပဲစင်းငုံနီကို အိန္ဒိယက ဝယ်လိုအားရှိပေမယ့်လည်း စျေးကွက်ထဲကို စစ်ကိုင်းအထက်ပိုင်းက ပဲအသစ်တွေ ဝင်ရောက်နေခြင်း ၊ လှောင်လက်သမားတွေ ထုတ်ရောင်းချနေခြင်းကြောင့် စျေးကွက်ပြန်အေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ ( 2026 crop )က ပြည်ပ FOB စျေးအနေနဲ့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၆၀ မှ ၈၇၀ အတွင်း ရှိပါတယ်။ ယခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို တနင်္လာ နေ့ ကနေ သောကြာနေ့ အတွင်းမှာ ၃,၁၄၇,၀၀၀ ကျပ်မှ ၃,၂၄၇,၀၀၀ ကျပ် ရှိပါတယ်။ အရင်တစ်ပတ်က ပဲစင်းငုံနီ တစ်တန်ကို ၃,၀၉၀,၀၀၀ ကျပ် မှ ၃,၃၀၆,၀၀၀ ကျပ် အထိရှိခဲ့ပါတယ်။



