ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ လွိုင်နန်းဖဆည်မှာ ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ဟိန်းထက်အောင်ဟာ ဖေဖော်၀ါရီလ ၇ရက်နေ့မှာ ရေကစားရင်းရေနစ်သေဆုံးခဲ့ပါတယ်။ရေနစ်သွားတဲ့ မောင်ဟိန်းထက်အောင်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ကယ်ဆယ်ရေး၊ အားမာန်သစ်ပရဟိတနဲ့အနီးအနားမှာရှိတဲ့ပြည်သူတွေတစ်ညလုံး ကြိုးစားရှာဖွေခဲ့ရပြီး အလောင်းကို ဒီကနေ့ ဖေဖော်၀ါရီလ ၈ရက်နေ့ မနက်၁၁နာရီမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။



