back

ရှမ်းပြည်နယ်ဒေသအချို့ လေထုညစ်ညမ်းမှု မြင့်တက်၊အသက်ရှူလမ်းကြောင်းရောဂါရှိသူများ သတိပြုရန်လို

Feb 08 • 1:21 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်ဒေသအချို့ လေထုညစ်ညမ်းမှု မြင့်တက်၊အသက်ရှူလမ်းကြောင်းရောဂါရှိသူများ သတိပြုရန်လို

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI Value) အမြင့်ဆုံး ၁၀၀ ခန့်ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI Value) အမြင့်ဆုံး ၁၀၀ ခန့်ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် ၈၅ ခန့်အထိ ရှိနိုင်ကြောင်း သိရပါသည်။ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တွင် AQI အဆင့် ၁၅၀ ခန့်အထိ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်အရသိရသည်။အဆိုပါ လေထုညစ်ညမ်းမှုအဆင့်များသည် သာမန်လူများအတွက် အနည်းငယ် အဆင်မပြေမှုများ ဖြစ်စေနိုင်ပြီး၊ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊ ကလေးငယ်များနှင့် အသက်ကြီးသူများအတွက် သတိပြုရမည့် လေထုညစ်ညမ်းမှုအခြေအနေဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ သတိပေးထားသည်။



news-view-count-icon

38