ကရင်နီပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ရေကျောက်ရောဂါလို့ သံသယရှိသူ ၁၈ ဦး ရှိနေတယ်လို့ ကရင်နီနယ်လှည့် ကျန်းမာရေးကော်မတီကဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါကျေးရွာမှာ အိမ်ထောင်စု ၇၁ စုနဲ့ လူဦးရေ ၃၅၉ ဦးရှိပြီး အရေပြားအဖုထွက်ခြင်းနဲ့ ဖျားနာခြင်းတို့ ပါဝင်တဲ့ ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ အဆိုပါဖြစ်ပွားနေတဲ့ ရောဂါကို ရေကျောက်ရောဂါလို့ ယူဆရပြီး အဲဒီရေကျောက်ရောဂါဖြစ်ပွားသူ (၁၈) ဦး ရှိနေပြီး အဲထဲမှ ၂ ဦး ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



