ကမ္ဘောဒီးယားနိုင်ငံ အွန်လိုင်းလိမ်လည်မှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာနိုင်ငံသား ၉၀ ဦးကိုဖေဖော်ဝါရီလ ၇ ရက်က တပ်မတော်လေယာဥ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် မင်္ဂလာဒုံခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။ထို့ပြင် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက် ယူခြင်း၊ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



