back

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ငွေလဲစနစ်နဲ့ နယ်စပ်ဂိတ်ကန့်သတ်မှုကြောင့် တန်းဆီ ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးနှိမ်ခံ ရောင်းနေရ

Feb 08 • 1:17 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ငွေလဲစနစ်နဲ့ နယ်စပ်ဂိတ်ကန့်သတ်မှုကြောင့် တန်းဆီ ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးနှိမ်ခံ ရောင်းနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်ဒေသထွက် တန်းဆီ ခေါ် ရေနံဆီသီး ကုန်ချောအဆီတွေကို ပြည်ပတင်ပို့ရာမှာ နိုင်ငံခြားငွေလဲလှယ်စနစ်ကန့်သတ်မှု၊ နယ်စပ်ကုန်သွယ်ရေးဂိတ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်ဒေသထွက် တန်းဆီ ခေါ် ရေနံဆီသီး ကုန်ချောအဆီတွေကို ပြည်ပတင်ပို့ရာမှာ နိုင်ငံခြားငွေလဲလှယ်စနစ်ကန့်သတ်မှု၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တရားဝင်တင်ပို့ခွင့် မရတာတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲမျိုးစုံကြုံနေရပြီး ဈေးနှိမ်ခံ ရောင်းချနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။လက်ရှိ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်း ပေါက်ဈေးအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမေရိကန် တဒေါ်လာ ရည်ညွှန်းဈေးက ၃,၆၅၇ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာတော့ ဒေါ်လာ ရောင်းဈေး ၄,၀၁၀ ကျပ်၊ ဝယ်ဈေး ၃,၉၁၀ ကျပ်အထိ ရှိနေပါတယ်။တရုတ်ယွမ်အတွက်တော့ မူဆယ်နယ်စပ် ပြင်ပဈေးကွက်မှာ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၅၈၀ ကနေ ၅၈၃ အတွင်း ရှိနေပြီး ဒေါ်လာနဲ့ ယှဉ်လိုက်ရင် ငွေလဲလှယ်ရာမှာ ယွမ်အသုံးပြုရတာ ဆုံးရှုံးမှု သက်သာစေတယ်လို့ သူက ပြောပါတယ်။ 



news-view-count-icon

18