ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် လုံခုတ် ကျေးရွာအုပ်စု နောင်တောင်းကျောင်းအနီးတဝိုက် မြေဧရိယာ (၅၆၁.၇၅) ဧက ကို နိုင်ငံတော်ပိုင်ဟုဆိုပြီး ဒေသဦးစီးအဖွဲ့မှ ၂၀၂၅ အောက်တိုဘာတွင် မြေလွတ်မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ခွင့်ပြုမိန့်ရရှိသည်ဟုဆိုကာ ဒေသခံများကို မောင်းထုတ်နေ ကြောင်းသိရသည်။ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုအတွင်း နိုင်ငံတော်ပိုင်မြေ (၅၆၁.၇၅) ဧကအတွင်း နေထိုင်သည့် ဒေသခံများကို ပြန်လည်နေရာချထားရန် စီမံဆောင်ရွက်နေသည်ဟုလည်းဆိုထားသည်။ပြန်လည်နေရာချထားလိုသူများအနေဖြင့် ယင်း မြေကွက်ကို ဝယ်ယူရန် သတ်မှတ်ထားသည့် ရန်ပုံငွေများ ပေးသွင်းရမည်ဖြစ်သည်။



