back

ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိ

Feb 08 • 1:12 PM

breaking-news

Myanmar

Mandalay

cover

ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိ

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင...

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း)ပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ရမည်းသင်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးထွန်းဇေ(၃၄)နှစ်သည် YGN-14 1P-xxxx HONDA FIT မော်တော်ယာဉ်အား ရန်ကုန်-မန္တလေးလမ်းမကြီး (လမ်းဟောင်း)အတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဉ်ကြောမရှင်းဘဲ “ဂ” ကွေ့ ကွေ့စဉ် လားရာတူ ၎င်း၏အနောက်မှ မင်္ဂလာဒုံမြို့နယ်နေ ထက်ဝေဦး(၂၃)နှစ် မောင်းနှင်လာသည့် SHYAN 110 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထက်ဝေဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ထွန်းဇေအား ရမည်းသင်းမြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


news-view-count-icon

20