back

စင်ကာပူမှာ ဝက်သက်ရောဂါ ကူးစက်မှု ၆ ဆခန့် မြင့်တက်လာပြီး အရေးပေါ် ထိန်းချုပ်မှု​တွေ စတင်

Feb 08 • 1:11 PM

breaking-news

Singapore

Local News

cover

စင်ကာပူမှာ ဝက်သက်ရောဂါ ကူးစက်မှု ၆ ဆခန့် မြင့်တက်လာပြီး အရေးပေါ် ထိန်းချုပ်မှု​တွေ စတင်

စင်ကာပူနိုင်ငံမှာ အခု ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလအတွင်းမှာပဲ ဝက်သက်ရောဂါ (Measles) ကူးစက်ခံရသူ ၁၁ ဦးအထိ ရှိလာခဲ့ရာ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၆...

စင်ကာပူနိုင်ငံမှာ အခု ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလအတွင်းမှာပဲ ဝက်သက်ရောဂါ (Measles) ကူးစက်ခံရသူ ၁၁ ဦးအထိ ရှိလာခဲ့ရာ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၆ ဆနီးပါးအထိ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။အခုလို ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် စင်ကာပူအစိုးရက ရောဂါပိုးတွေ့ရှိသူတွေကို မဖြစ်မနေ သီးသန့်ခွဲခြားနေထိုင်စေတာ (Mandatory Isolation) နဲ့ ထိတွေ့သူတွေကို (Quarantine) ထားရှိတာ စတဲ့ တင်းကျပ်တဲ့ အစီအမံတွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ဆေးရုံတက်ဖို့ မလိုတဲ့ နစ်နာသူ (Victim) တွေအနေနဲ့ နေအိမ်မှာ သီးသန့်နေထိုင်ရမှာဖြစ်ပြီး အာဏာပိုင်တွေက ဗီဒီယိုကောလ်က​နေတစ်ဆင့် အ​ခြေခံစစ်ဆေးမှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။အဓိက ကာကွယ်နည်းကတော့ MMR ကာကွယ်ဆေး ထိုးနှံခြင်းပဲ ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို မဖြစ်မနေ ကာကွယ်ဆေးထိုးနှံဖို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။ အခုလို ကမ္ဘာတစ်ဝန်းမှာ ဝက်သက်ရောဂါ ပြန်လည်များပြားလာတာဟာ ကိုဗစ်ကာလအတွင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံမှုတွေ ပြတ်တောက်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ ဒါကြောင့် ခရီးသွားလာမယ့်သူတွေအနေနဲ့ မိမိရဲ့ ကာကွယ်ဆေး အခြေအနေကို ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက အပိုဆောင်းထိုးနှံထားကြဖို့ တိုက်တွန်းထားပါတယ်။


​

news-view-count-icon

5