back

စင်ကာပူတွင် ဆရာဝန်တစ်ဦးက အဓိကသွေးကြောမကြီးများကို မှားယွင်းဖြတ်တောက်မိပြီး အမှားကိုဝန်မခံဘဲ ဖုံးကွယ်ခဲ့မှုကြောင့် လူနာအမျိုးသမီးသေဆုံးခဲ့ရ

Feb 08 • 7:24 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ဆရာဝန်တစ်ဦးက အဓိကသွေးကြောမကြီးများကို မှားယွင်းဖြတ်တောက်မိပြီး အမှားကိုဝန်မခံဘဲ ဖုံးကွယ်ခဲ့မှုကြောင့် လူနာအမျိုးသမီးသေဆုံးခဲ့ရ

စင်ကာပူနိုင်ငံ Raffles ဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် Fong Yan Kit သည် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား ကျောက်ကပ်အကျိတ်ဖယ်ရှားရန် ခွဲစိတ်ကု...

စင်ကာပူနိုင်ငံ Raffles ဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် Fong Yan Kit သည် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား ကျောက်ကပ်အကျိတ်ဖယ်ရှားရန် ခွဲစိတ်ကုသစဉ် အစာခြေစနစ်သို့ သွေးပို့လွှတ်သည့် အဓိကသွေးကြောမကြီးနှစ်ခုကို မှားယွင်းဖြတ်တောက်မိခဲ့ပြီး အမှားကို အချိန်မီဝန်ခံပြင်ဆင်ရန် ပျက်ကွက်ခဲ့မှုကြောင့် လူနာသေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်ပွားလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် ဆရာဝန်သည် ခွဲစိတ်နေစဉ်အတွင်း ၎င်း၏အမှားကို သတိပြုမိနိုင်သည့် အချိန်ရခဲ့သော်လည်း သွေးကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံ အကူအညီတောင်းခံခြင်းမရှိဘဲ ခွဲစိတ်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူနာ၌ ဝေဒနာများခံစားနေရမှုကိုလည်း သာမန်အခြေအနေအဖြစ်သာ လျစ်လျူရှုခဲ့ကြောင်း သေမှုသေခင်းစစ်ဆေးချက်များအရ ပေါ်ပေါက်ခဲ့သည်။ အဆိုပါပေါ့ဆမှုကြောင့် လူနာ၏ ကိုယ်တွင်းအင်္ဂါများ သွေးမရတော့ဘဲ ပျက်စီးကာ ရက်ပိုင်းအတွင်း ကွယ်လွန်ခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါဆရာဝန်သည် ဆေးရုံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိတော့ဘဲ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန် တရားရုံးတွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

14