ထိုင်းနိုင်ငံ၊ ဘန်းနမြို့နယ်၊ ဘန်းန BTS ဘူတာအနီးရှိ မြေအောက်ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဖေဖော်ဝါရီ ၄ ရက်က မြေပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးေ-သဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။မြေအောက်ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းခွင်၏ (၂၄)ပေခန့်နက်သည့် တူးမြောင်းအတွင်းသို့ မြန်မာအလုပ်သမားတစ်ဦးဆင်း၍ တစ်ဦးတည်းအလုပ်လုပ်နေစဉ် မြေသားနံရံများပြိုကျရာမှ မြေသားများပိမိကာ မြန်မာအလုပ်သမားသေဆုံးခဲ့ကြောင်း သိရသည်။



