ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ပြောကြားချက်အရ ရုရှားတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ယူကရိန်းဘက်ကို ဒရုန်း ၄၀၀ ကျော်၊ ဒုံးကျည် ၄၀ ခန့်သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောကြားလာပါတယ်။ အဓိကပစ်မှတ်တွေကတော့ ယူကရိန်းရှိ စွမ်းအင်ကွန်ရက်၊ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးရုံတွေကိုပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ယူကရိန်း လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရုရှားတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားဖို့ ကြိုးစားနေပေမယ့် ရုရှားဒရုန်းတွေက ကိယက်ဗ်နဲ့ ခါကိဗ်ဒေသတွေကိုလည်း အတားအဆီးတွေကြားက တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရုရှားတိုက်ခိုက်မှုကြောင့် အယ်လ်ဗိဗ်ဒေသရှိ အရေးကြီးတဲ့ အခြေခံအဆောက်အအုံများစွာလည်းပျက်စီးခဲ့သလို တိုက်ခိုက်မှုကြောင့် ရေနဲ့ အပူပေးစက်များစွာ ပြတ်တောက်ခဲ့တယ်လို့သိရပါတယ်။



