၈.၂.၂၀၂၆ ရက်ယနေ့၊ ၁၁နာရီ ၄၅ မိနစ်အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းတွင် Nissan Condor (အဖြူရောင်) ယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ငူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား Ko Ban Rescue ပရဟိတအသင်းမှ ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။


