အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆက်ဆံရေးတွေ မြှင့်တင်ဖို့အတွက်ဖေဖော်ဝါရီ ၇ရက်နေ့က မလေးရှားကိုအလည်အပတ်ရောက်ရှိနေပါတယ်။ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ပူထရာဂျာယာမှာ ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ အမျိုးသားလုံခြုံရေးနှဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။ မိုဒီဟာ မလေးရှားကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိလာတာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ပြီးနောက် အခု ၂၀၂၆ ခုနှစ်အစောပိုင်းမှာ မလေးရှားကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ နည်းပညာကဏ္ဍ တို့မှာ နှစ်နိုင်ငံဆက်ဆံရေးကို နက်ရှိုင်းစေဖို့ ရှာဖွေနေချိန်မှာ မလေးရှားကို ရောက်ရှိလာတာဖြစ်ပါတယ်။



