back

ယခုနှစ်ထဲ ၈ ကြိမ်မြောက်အာဖရိကဝက်တုပ်ကွေးကူးစက်မှုကို တောင်ကိုရီးယားအတည်ပြု

Feb 08 • 6:28 AM

breaking-news

South Korea

Local News

cover

ယခုနှစ်ထဲ ၈ ကြိမ်မြောက်အာဖရိကဝက်တုပ်ကွေးကူးစက်မှုကို တောင်ကိုရီးယားအတည်ပြု

၂၀၂၆ ခုနှစ်အတွင်း အာဖရိကဝက်တုပ်ကွေးကူးစက်ခံရသည့် ၈ ခုမြောက်ဖြစ်ပွားမှုကို တောင်ကိုရီးယား နိုင်ငံက စနေနေ့တွင် အတည်ပြုခဲ့ပြီး အာဏာပိုင်များက ကူးစက်ခံရသည့် ဝက်များ...

၂၀၂၆ ခုနှစ်အတွင်း အာဖရိကဝက်တုပ်ကွေးကူးစက်ခံရသည့် ၈ ခုမြောက်ဖြစ်ပွားမှုကို တောင်ကိုရီးယား နိုင်ငံက စနေနေ့တွင် အတည်ပြုခဲ့ပြီး အာဏာပိုင်များက ကူးစက်ခံရသည့် ဝက်များကို သုတ် သင်ရှင်းလင်းရန် တွန်းအားပေးခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။နောက်ဆုံးဖြစ်ပွားမှုကို ဆိုးလ်မြို့တော်၏ မြောက်ဘက်ရှိ ပိုချွန်ဒေသရှိ ဝက်မွေးမြူရေးခြံတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး၊ အဆိုပါခြံတွင် ဝက်ကောင်ရေ ၈,၈၀၀ မွေးမြူထားကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေး တန်ပြန်အစီအမံဌာနချုပ်ကို ကိုးကား၍ Yonhap News မှ ဖော်ပြခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ကူးစက်ခံရသည့် ဝက်များကို သုတ်သင်ရှင်းလင်းရန် စီစဉ်ထား သော်လည်း ဝက်မွေးမြူရေးခြံအားလုံးကို ရပ်တန့်စေမည့်အမိန့်ထုတ်ပြန်ရန် အစီအစဉ်မရှိကြောင်း ဗဟိုဘေး အန္တရာယ်နှင့် ဘေးကင်းရေးတန်ပြန်အစီအမံဌာနချုပ်က ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဂန်နွန်းမြို့၌ ပထမဆုံး အာဖရိကဝက်တုပ်ကွေးကူးစက်ခံရမှုကို တောင်ကိုရီး ယားက အတည်ပြုခဲ့ပြီး ဂျီယောင်းဂီ ပြည်နယ်အတွင်းရှိ အန်ဆောင်း နှင့် ပိုချွန်ဒေသများတွင်လည်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။အာဖရိက ဝက်တုပ်ကွေးရောဂါသည် လူသားများအတွက် အန္တရာယ်မရှိသော်လည်း၊ ဝက်များနှင့် တော ဝက်များအတွက် အလွန်လွယ်ကူစွာ ကူးစက်နိုင်ပြီး သေဆုံးမှုမြင့်မားသည့် ရောဂါဖြစ်သည်။


news-view-count-icon

13