back

တရုတ်ဗဟိုဘဏ်၏ အရန်ရွှေပမာဏ ထရိုင်အောင်စ ၇၄ ဒသမ ၁၉ သန်းအထိရှိနေ

Feb 08 • 6:29 AM

breaking-news

China

Local News

cover

တရုတ်ဗဟိုဘဏ်၏ အရန်ရွှေပမာဏ ထရိုင်အောင်စ ၇၄ ဒသမ ၁၉ သန်းအထိရှိနေ

ယခုနှစ် ဇန်နဝါရီလအတွင်းတရုတ်ဗဟိုဘဏ်သည် ၁၅လမြောက်အဖြစ် အရန်ရွှေများကို ဆက်လက်ဝယ်ယူခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။တရုတ်ပြည်သူ့ ဗဟိုဘဏ...

ယခုနှစ် ဇန်နဝါရီလအတွင်းတရုတ်ဗဟိုဘဏ်သည် ၁၅လမြောက်အဖြစ် အရန်ရွှေများကို ဆက်လက်ဝယ်ယူခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။တရုတ်ပြည်သူ့ ဗဟိုဘဏ်ကဖေဖော်ဝါရီ ၇ရက်တွင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ယခုနှစ်ဇန်နဝါရီလကုန်တွင် တရုတ်နိုင်ငံကလက်ဝယ်ပိုင်ဆိုင်ထားသော အရန်ရွှေပမာဏမှာ ထရိုင်အောင်စ ၇၄ဒသမ ၁၉သန်းအထိ ရှိလာကြောင်းသိရသည်။နှိုင်းယှဉ်ကြည့်ပါက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်ပြည်သူ့ဗဟိုဘဏ်က လက်ဝယ် ပိုင်ဆိုင်ထားသော အရန်ရွှေပမာဏမှာထရိုင်အောင်စ ၇၄ ဒသမ ၁၅ သန်းအထိ ရှိခဲ့သည်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း အရောက်တွင်တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသော အရန်ရွှေများ၏ တန်ဖိုးစုစုပေါင်းမှာအမေရိ ကန်ဒေါ်လာ ၃၆၉ ဒသမ ၅၈ဘီလီယံ အထိရှိခဲ့ ကြောင်း တရုတ်ပြည်သူ့ဗဟိုဘဏ် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။နှိုင်းယှဉ်ကြည့်ပါက ၂၀၂၅ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသော အရန်ရွှေများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၉ ဒသမ ၄၅ ဘီလီယံအထိ ရှိခဲ့သည်။တရုတ်ပြည်တွင်းရွှေဝယ်ယူမှုနှုန်းမှာ ၂၀၂၅ ခုနှစ်တွင်ဒုတိယနှစ်အဖြစ် ဆက်လက် ကျဆင်းခဲ့ပြီး ရွှေသားပမာဏ မက်ထရစ်တန်၉၅၀ အထိသာ ရောင်းအားရှိခဲ့ရာ၂၀၂၄ ခုနှစ် ရွှေဝယ်ယူမှုနှုန်းနှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၇၅ ရာခိုင်နှုန်းကျဆင်းခဲ့ရကြောင်း သိရသည်။


news-view-count-icon

11