8.2.2026 ရက်ယနေ့၀၇:၀၀ နာရီခန့်တွင် ရန်ကုန်မှမန္တလေးသို့မောင်းနှင်လာသော NISSAN UD ကုန်တင်ကား၊ အရောင် ဖြူ/နီကြားယာဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်(၂၅၉/၀-၂၅၉/၁) ကြားအရောက်၌ ယာဉ်မောင်းအိပ်ငိုက်သွားပြီး လမ်းဘေးလက်ယာဘက်ခြမ်းတွင် ကာရံထားသော Guardrail တန်းများအား ဝင်ရောက်တိုက်မိကာတိမ်းမှောက်ရပ်တန့်ခဲ့ပါသည်။အဆိုပါဖြစ်စဉ်မှထိခိုက်ပျက်စီးမှုအသေးစိတ်ကိုယခုထက်ထိမသိရှိရသေးပါ။



