back

လျစ်လျူရှုခံ သီးနှံအရင်းအမြစ်များကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထိန်းသိမ်းကာ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရေး တိုက်တွန်း

Feb 08 • 5:36 AM

breaking-news

Myanmar

Yangon

cover

လျစ်လျူရှုခံ သီးနှံအရင်းအမြစ်များကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထိန်းသိမ်းကာ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရေး တိုက်တွန်း

မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် တန်ဖိုးရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှုမရှိသေးသည့် "လျစ်လျူရှုခံ သီးနှံများ" ကို အိမ်ခြံဝင်းအတွင်း စနစ်တကျ စိုက်ပျိ...

မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် တန်ဖိုးရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှုမရှိသေးသည့် "လျစ်လျူရှုခံ သီးနှံများ" ကို အိမ်ခြံဝင်းအတွင်း စနစ်တကျ စိုက်ပျိုးထိန်းသိမ်းကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်လိုက်သည်။ ယမန်နေ့က ကျင်းပပြုလုပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြန်မာနိုင်ငံသည် အပင်ဗီဇအရင်းအမြစ် ကြွယ်ဝသည့်နိုင်ငံဖြစ်ရာ အချို့သောသီးနှံများသည် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်သည့် အလားအလာကောင်းများရှိနေကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

25