back

ကျိုင်းတုံတက္ကသိုလ် ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံရိုက်ခနှုန်း ကြီးမြင့်မှုအပေါ် ဘွဲ့ယူသူများ ဝေဖန်

Feb 08 • 5:35 AM

breaking-news

Myanmar

Shan

cover

ကျိုင်းတုံတက္ကသိုလ် ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံရိုက်ခနှုန်း ကြီးမြင့်မှုအပေါ် ဘွဲ့ယူသူများ ဝေဖန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံရိုက်ကူးခများ ကြီးမြင့်လွန်းခြင်းကြေ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဘွဲ့ဝတ်စုံနှင့် ဓာတ်ပုံရိုက်ကူးခများ ကြီးမြင့်လွန်းခြင်းကြောင့် ဘွဲ့ယူသူကျောင်းသား၊ ကျောင်းသူများအကြား ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။ ဘွဲ့ဝတ်စုံထုတ်ယူစဉ်က ဓာတ်ပုံဖိုးအပါအဝင် ကျပ် ၂၂၅,၀၀၀ ပေးသွင်းခဲ့ရသော်လည်း၊ အစမ်းလေ့ကျင့်သည့်နေ့တွင် အလှဓာတ်ပုံခဟုဆိုကာ တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ထပ်မံကောက်ခံခဲ့ခြင်းကြောင့် ငွေကြေးအခက်အခဲရှိသူများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။

news-view-count-icon

90