၂၀၂၆ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အာဆီယံ၏ မူဝါဒမှာ အပြောင်းအလဲမရှိဘဲ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက်ကိုသာ ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံ ISEAS အင်စတီကျု၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ၎င်းက ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန်အတွက်လည်း အာဆီယံအဖွဲ့အတွင်း ဘုံသဘောတူညီချက် ရယူထားခြင်းမရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်နေပြီဖြစ်ကာ မြန်မာ့အရေး ချဉ်းကပ်ဖြေရှင်းမှုတွင် ယခင်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်သွားမည့် သဘောထားကို ပြသခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာ့အရေး အာဆီယံ၏ ရပ်တည်ချက်နှင့် ဘုံသဘောတူညီချက် (၅) ချက်အပေါ် ပြောင်းလဲမှုမရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အတည်ပြု
Feb 08 • 3:41 AM
Myanmar
International
Share
| 34 | 0 | 0 | 0 |


