back

ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာ၀တီမြစ်ကြောင်းတလျှောက် ရွှေတူးတာ မလုပ်ဖို့ တားမြစ်နေ

Feb 08 • 3:40 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာ၀တီမြစ်ကြောင်းတလျှောက် ရွှေတူးတာ မလုပ်ဖို့ တားမြစ်နေ

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့က တားမြစ်တဲ့ စာထုတ်ပြန်လိုက်ပါတယ်။ဖေဖော်ဝါရီ ၆ရက် နေ့စွဲနဲ့ ထုတ...

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့က တားမြစ်တဲ့ စာထုတ်ပြန်လိုက်ပါတယ်။ဖေဖော်ဝါရီ ၆ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့စာမှာ ရွှေကူမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက် နယ်မြေ ဧရာတဝီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၆ရက်က စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။မြစ်အတွင်း ရွှေတူးနေကြတဲ့ ရွှေဖောင်က အစီးရေ များစွာ ရှိနေတဲ့ အခြေအနေမှာ အခုလို တားမြစ်ခဲ့တာလို့ အသိပေးထားတာလို့ ကချင်သတင်းရင်းမြစ်ကပြောပါတယ်။ရွှေတူးဖော်မှု လုပ်ငန်းတွေကြောင့်မြစ်ရေနဲ့ သဘာပတ်ဝန်းကျင် အတွက်စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

news-view-count-icon

28