မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု) ဂိုး ၂၀၀ ပြည့်ခဲ့ပါတယ်။ဖာနန်ဒက်စ်အနေနဲ့ စပါးကို အနိုင်ရတဲ့ပွဲမှာ တစ်ဂိုး သွင်းယူပြီးနောက် ပရီးမီးယားလိဂ်မှာ ၁၀၄ ဂိုးသွင်း၊ ၉၆ ဂိုးဖန်တီးနဲ့ အခုမှတ်တမ်းကို ရရှိခဲ့တာပါ။၎င်းဟာ အခုမှတ်တိုင်ကို ရောက်ရှိဖို့ ပရီးမီးယားလိဂ်ပွဲ ၃၁၄ ပွဲသာ ကစားခဲ့ရပြီး မန်ယူနိုက်တက်သမိုင်းမှာ ဒုတိယပွဲအနည်းဆုံး ဖြစ်ခဲ့တယ်။ပွဲအနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သူက ဝိန်းရွန်နီဖြစ်ကာ ၂၉၅ ပွဲမှာ ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ဖာနန်ဒက်စ်ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ဂိုး ရှိနေပြီး ဟာလန်းပြီးနောက် ဒုတိယအများဆုံး ဖြစ်နေတယ်။



